Monday, May 8, 2017

Makeup packaging မှာပါတဲ့ formula တွေရဲ့အဓိပ္ပါယ်များ ။

Hello !!! အားလုံးပဲမင်္ဂလာပါ ။

          Cosmetics တွေဝယ်တော့မယ်ဆိုရင် သူတို့ရဲ့ဘူးလေးတွေမှာပါတဲ့ makeup terms နဲ့ formula တွေရဲ့အဓိပ္ပါယ်ကို သေချာသိထားဖို့လိုပါတယ် ။ ဒါမှသာ ကိုယ့်အတွက်တစ်ကယ်လိုအပ်တဲ့ cosmetics ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ် ။ ဒီမှာအမျိုးသမီးတော်တော်များများက ကိုယ်ကဘယ်လိုပုံကိုကြိုက်တယ်ဆိုတာလည်း မသေချာ သူများတွေကကောင်းတယ်ပြောတာကြားရင် ဘယ်လို formula နဲ့ ဘယ်လို coverage တွေ ဘယ်လောက်ခံတယ်ဆိုတာတွေကို သေချာမဆန်းစစ်ပဲဝယ်လိုက်ကြတာများပါတယ် ။ အဲ့လိုဝယ်လိုက်တော့ ကိုယ်လိုချင်တာနဲ့မကိုက်ရင် ဝယ်လိုက်တဲ့ပစ္စည်းတွေကို ချောင်ထိုးလိုက်ကြပါရော ။ ပိုက်ဆံလည်းကုန် ပစ္စည်းတွေလည်းအလေအလွင့်ဖြစ်ပါတယ် ။

         အဲလိုတွေမဖြစ်အောင် သူတို့ရဲ့ packaing မှာပါတဲ့ formula တွေရဲ့အဓိပ္ပါယ်ကို ကျွန်မပြောပြပေးမယ်နော် ။ ကိုယ်တိုင်လည်းသိထားတဲ့အခါ အသုံးဝင်သလို သူများကိုလည်းသေချာရှင်းပြပြီး ညွှန်းပေးလို့ရပါတယ် ။ Cosmetics ရောင်းတဲ့သူတွေလည်း အခုလိုဝေါဟာရလေးတွေကို သေချာဖတ်ရှုလေ့လာထားကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင် ။

" Moisturizing "  " Creamy "

     Moisturizing ဒါမှမဟုတ် Creamy ဆိုတာပါရင် အဲ့ဒီ့ product က ခြောက်သွေ့နေတဲ့အသားကို စိုပြည်အောင်ပြန်လုပ်ပေးနိုင်ပါတယ် ။ ဒါပေမယ့်တစ်ခုသိထားရမှာက အဲ့ဒီ့ product တွေဟာ အချိန်ကြာလာတာနဲ့အမျှ အဆီပြန်မှုကိုဖြစ်ပေါ်စေပြီး အသားပေါ်မှာစေးကပ်ကပ်ဖြစ်လာတတ်ပါတယ် ။

" Illuminating " "Line minizing " " Radiant "

      အထက်ပါစာလုံးတွေပါဝင်တဲ့ product တွေထဲမှာ shimmer particles (အပြောင်မှုန်လေးတွေ) ပါတတ်ပါတယ် ။ အများစုကအသားကိုပြောင်အောင်လုပ်ပေးတဲ့ product တွေဖြစ်ကြပါတယ် ။ အရေးအကြောင်းတွေ အသားအရောင်အားနည်းတဲ့နေရာတွေကို အပြောင်သုံးပြီး အလင်းပြန်စေတာမို့ လူကြိုက်များပါတယ် ။ ဒါပေမယ့် အဲ့ဒီ့အမှုန်လေးတွေကပဲ မျက်နှာပေါ်ကအနာအဆာတွေကို ပိုသိသာစေတာမို့ ကိုယ့်မျက်နှာက ကြည်လင်နေတဲ့အသားအရည်မပိုင်ဆိုင်ဘူးဆိုရင်တော့ အဲ့လို product တွေမသုံးသင့်ပါဘူး။

" Cream to Powder " " Mattyfing "

         အဲလိုစာလုံးတွေပါရင်တော့ ယင်း product ဟာ ခြောက်သွေ့ပြီးပေါင်ဒါပုံဖြစ်သွားတဲ့ဟာမျိုးပါ ။ အဆီထုတ်ထားတဲ့ formula မို့ အဆီပြန်တတ်တဲ့သူတွေ အတွက်သာသင့်တော်တဲ့ပစ္စည်းတွေပါ ။

" Tinted " "Gel "

         Tinted ဒါမှမဟုတ် Gel ဆိုတာပါနေရင် အဆိုပါ product မှာ color ပါတယ်ဆိုယုံလေးဖော်စပ်ထားတယ်ဆိုတဲ့သဘောပါ ။ Tinted moisturizer တို့ဘာတို့ဆို ဒီအမျိုးအစားထဲမှာပါပါတယ် ။ ဒီ product တွေရဲ့သဘာဝက အသားပေါ်မှာခဏပဲခံပြီး အရောင်ပြေကျသွားတာမြန်ပါတယ် ။

" Stain "

        Stain ဆိုတဲ့စာတမ်းပါရင် အဆိုပါ product ရဲ့အရောင်က ပါးလွှာပါတယ် ။ နည်းနည်းပြောင်ပါတယ် ။ အသားပေါ်တင်လိုက်တာနဲ့ ခြောက်တာမြန်ပြီး လိမ်းထားရင် အရောင်ကဖြေးဖြေးချင်းပျယ်သွားတဲ့သဘောရှိပါတယ် ။

"Long Wearing " " Enuring " " Lasting "

        အထက်ပါစာလုံးတွေပါဝင်တဲ့ product တွေက အရောင်အရမ်းထင်းပြီး ပုံမှန် product တွေထက်အများကြီးပိုထူပါတယ် ။ အသားပေါ်မှာ ကြာရှည်စွဲနေအောင်ရည်ရွယ်ချက်နဲ့ design လုပ်ထားတဲ့ ပစ္စည်းတွေမို့ပါ ။

        အပေါ်ကဟာလေးတွေကို သေချာမှတ်ထားပြီး ဈေးဝယ်တဲ့နေရာပြန်အသုံးချပါ ။ Cosmetics ပင်လယ်ကြီးထဲမှာ တစ်ဝဲလည်လည်ဖြစ်မနေတော့ဘူးဆိုတာ အာမခံပါတယ် ။ ကိုယ့်သူငယ်ချင်းတွေအတွက်လည်း ကိုယ်ကသိနေပြီဆိုရင် ကူရွေးပေးလို့ရတာပေါ့နော် ။ သဘောကျတယ်ဆိုရင် Like and Share လေးလုပ်သွားပါဦးနော် ။ ကောင်းသောနေ့လေးဖြစ်ပါစေရှင် ။

Love You !!! See You

Saturday, April 29, 2017

နေလောင်တာ အမြန်ဆုံး ပျောက်ကင်း သက်သာသွားဖို့ နည်းလမ်း (၁၅) မျိုး ဖော်ပြလိုသည်။ မြန်လည်းမြန်၊ အိမ်မှာပင် ချက်ချင်းလည်း လုပ်နိုင်၊ ထိလည်း ထိရောက်သော နည်းလေးများ ဖြစ်၏။

          ၁။ နေလောင်ကွက်တွေ ပေါ်နေပြီး နေမထိထိုင်မသာ ဖြစ်နေရင် အက်စပရင် ကဲ့သို့  အကိုက်အခဲ ပျောက်ဆေးများ သောက်ထားပါ။ အက်စပရင်သည် နေလောင်ကွက် ထနေသော အရေပြားတွင် နီမြန်း ယောင်ရမ်းနှုန်းကို လျော့ကျစေသလို၊  နာကျင် ကိုက်ခဲမှုများ ကိုလည်း သက်သာစေသည်။

          ၂။ နေလောင်သည့် နေရာကို ရှားစောင်းလက်ပတ် အနှစ်ဖြင့် အုပ်ထားပါ။ ရှားစောင်း လက်ပတ်သည် အရေပြားကို အေးမြစေ၏။ ရှားစောင်း လက်ပတ်ရည် ခြောက်သွား လျှင်လည်း အရေပြားပေါ်ကနေ လောင်ကွက်ပေါ်  တစ်လွှာထပ်ကာ ပေးထားသည့်နှယ် ဖြစ်သောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်မှာ ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားသည်။ နေလောင်ကွက် မပျောက်မချင်း နေ့စဉ်အုပ်ပေးထားနိုင်လျှင် အကောင်းဆုံး။

          ၃။ နေလောင်ကွက်ပေါ် ရေစိုဝတ်ဖြင့် အုပ်ပေးထားနိုင် လျှင်လည်း ပိုကောင်းသည်။ တစ်ခါအုပ်လျှင် (၂၅)မိနစ်ခန့်ဖြင့် တစ်နေ့ နှစ်ကြိမ်ခန့် လုပ်ပေးသင့်သည်။

          ၄။ ရေအေးနဲ့သာ ရေချိုးပါ။ ရေနွေးနဲ့ ချိုးလျှင် နေလောင်ထားသော အရေပြားသည် ပို၍သာ ခြောက်သွေ့ အက်ကွဲသွား လိမ့်မည်။ နေလောင် ထားလျှင် အရေပြားကို ရေဓာတ် မပြတ်အောင် ဂရုစိုက်ပေးရမည်။ ရေအေးက အရေပြားကို စိုစွတ်နေအောင် ထိန်းပေးထား လိမ့်မည်။

          ၅။ နေလောင်ထားသော အရေပြား နီရဲယောင်ရမ်း လာလျှင် အသားကို အေးစေသော လိမ်းဆေး ခရင်မ်မျိုးလိမ်း ထားပါ။ အသားကို အေးစေသော ခရင်မ်မျိုးက နေလောင် အရေပြား ယောင်ရမ်းလာခြင်းကို ကာကွယ်ပေးနိုင်သည်။

          ၆။ ရေများများ သောက်ပေးပါ။ အရေပြား နေလောင်ထားသူများ ရေပိုသောက်သင့်သည်။ ရေများများ သောက်မှ အရေပြားသည် အစိုဓာတ် အမြဲရနေကာ နေလောင် အရေပြား အမြန်ဆုံး ပြန်ကျန်းမာ လာမည်။ အနည်းဆုံး တစ်နေ့ကို ရေဖန်ခွက် ရှစ်ခွက်စာလောက် သောက်ပေးပါ။ နေလောင်ခြင်း အတွက် အကောင်းဆုံး ကုစားနည်းသည် ရေများများသောက်ခြင်း ဟုပင် ပြောနိုင်သည်။

          ၇။ အပြင်ထွက်လျှင် ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ။ အရိပ်ထဲက တတ်နိုင်သမျှ သွားပါ။ နေလောင် အသားအရေ ပြန်ကျန်းမာလာအောင် ကြိုးစားနေရ ချိန်တွင် နေရောင်နှင့် မထိအောင် ရှောင်နိုင်လေ ကောင်းလေ ဖြစ်သည်။

          ၈။ နေလောင်ထားသော အရေပြားတွေ အက်ကွဲလာ လျှင်လည်း အက်ကွဲပါစေ။ ရှားစောင်း လက်ပတ် နဲ့သာ နိုင်နိုင်အုပ်ပေးထားပါ။

          ၉။ နေလောင်ထားလျှင် အ၀တ် ခပ်ချောင်ချောင် ပွပွမျိုးသာ ၀တ်ပါ။ အ၀တ်ကျပ်ကျပ် ၀တ်လျှင် နေလောင် ထားသော အရေပြားကိုပါ ပွတ်တိုက် ချေပစ်ရာ ရောက်ပြီး အနာပို ဆိုးသွား တတ်သည်။ ချောင်ချောင်ပွပွ လေ၀င်လေထွက် ကောင်းလေ နေလောင် ထားသော အရေပြားတွေ အမြန်ဆုံး ပြန်ကျန်းမာလေ ဖြစ်သည်။

          ၁၀။ နေရောင်နဲ့ တိုက်ရိုက်ထိ တွေ့ရမည့် နေရာမျိုး သွားရမည် ဆိုပါက SPF 45 ပါသော နေလောင်ဒဏ် ခံလိမ်းဆေးရည် လိမ်းသွားပါ။ နေလောင်ထားသော နေရာများ မပျောက်သေးဘူး ဆိုပါက ထိုနေရာကို တစ်ခုခုနဲ့ ကာထားပါ။ နေလောင် ထားသော အရေပြားနေရာပေါ် သို့လည်း SPF 45 ထပ်လိမ်းထား နိုင်သည်။

          ၁၁။ လိုးရှင်းလည်း လိမ်းပါ။ လိုးရှင်းရည်သည် နေရောင်ထဲ ရောက်သည့်တိုင် အသားအရေမှာ အစိုဓာတ် မပြတ်အောင် ကူပေးနိုင်သည်။ ပိုစိတ်ချရ စေရန် လိုးရှင်း အပြင် နေလောင်ကာ လိမ်းဆေးရည်လည်း လိမ်းထား နိုင်သည်။

          ၁၂။ ပုံမှန်ထက် ပိုနာကျင်လာ၊ အသားတွေ ယောင်ရမ်းဖောင်းကားလာ၊ အက်ကွဲလာ လျှင်ကား ကျွမ်းကျင် ဆရာဝန်ထံ ပြသသင့်ပြီ။ နေလောင် ဒဏ်ရာနှင့် ဆက်စပ်ပြီး ခေါင်းမူး ခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊ ဖျားချင် နာချင်လာပြီ ဆိုလျှင်လည်း ဆရာဝန်နှင့် ပြသသင့်သည်။

          ၁၃။ ရေအေးနဲ့ ချိုးပြီးလျှင် နေလောင်ထားသော နေရာမှ အရေပြားတွေ ကွာကျ တတ်သည်။ ကွာကျပါစေ။ သဘာဝ ဖြစ်သည်။

          ၁၄။ နေလောင်ထားသော အရေပြားနေရာကို လက်နဲ့ မထိပါနဲ့။ လက်နဲ့ ထိတို့ခြင်းဖြင့် ထိုနေရာ ပိုယားယံတတ်သည်။ ကုပ်လိုက်လျှင် လက်က ဘက်တီးရီးယားများပါ ၀င်ရောက်သွား နိုင်သည်။

          ၁၅။ နေလောင်လျှင် အိမ်က လူတွေ သုံးနေကျ အိမ်တွင်း ကုထုံးများ ရှိလျှင်လည်း သုံးနိုင်သည်။ ရှေ့လူများ အဖို့ ထိရောက်သော နည်းလမ်းသည် မိမိအတွက်လည်း ထိရောက် နိုင်သည်။ သိပ္ပံနည်းကျ သက်သေပြ နိုင်ခြင်း မရှိသော်လည်း အိမ်တွင်း ကုထုံးများသည်လည်း ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် အသုံးဝင် သည်သာ။

Credit

Thursday, April 20, 2017

တင်းတိတ် မှဲ့ခြောက်အတွက် ဖရဲသီး

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

Sunday, April 9, 2017

Bella Cream ~~~~~ 5000 ks
(ရင်သား/တင် လိမ်းဆေး)

👸👸မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ အလှတရားလို့ဆိုနိုင်တဲ့ ရင်သားမရှိလို့ တင်မရှိလို့ စိတ်ညစ်နေကြတဲ့ ပျိုပျို/အိုအို မရွေး အသုံးပြုနိုင်တဲ့ လိမ်းဆေးလေးပါ🌸🌸
👸👸မည်သည့် အကူအညီမှ မယူရပဲ မိမိ နဂိုရှိရင်းစွဲဖြင့် ပိုမိုပြီး မိန်းမ ဆန်ဆန် ဖွံ့ဖြိုးလှပစေမှာပါ🌸🌸
👸👸လိမ်းပြီး ၁ပတ်အကြာမှာ ထူးခြားမှုကို စတင်ခံစားရ သိရှိရမှာဖြစ်ပါတယ် 🌸🌸
👸👸တစ်ဘူးထဲနှင့် ရင်သား နှင့် တင် နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်မှာဖြစ်လို့ အသုံးဝင်လှပါတယ်နော် 🌸🌸
👸👸Cream လေးထဲမှာပါဝင်တဲ့ သဘာဝ ပစ္စည်းများမှ ရင်သားနှင့် တင်အတွက် ကြီးထွားရာမှာ အသုံးဝင်တဲ့ cells လေးတွေ အလျင်အမြန် ဖွံ့ဖြိုးမှုကို အားဖြည့်ပေးပြီး အသားအရည်ကို တင်းရင်းစေပါတယ်နော်🌸🌸
💃💃💃ပိုမိုကောင်းမွန်တဲ့ ရလာဒ်အတွက် ရေချိုးပြီးပြီးခြင်းလိမ်းပေးနိုင်ပါတယ်နော် 🌸🌸
👙👙👙လိမ်းပြီးတိုင်း ကိုယ်တိုင်းအတိအကျ အတွင်းခံများကို ဝတ်ဆင်ပေးခြင်းဖြင့်လည်း သိသာတဲ့ရလာဒ်ကို တခဏအတွင်း မြင်တွေ့ခံစားရမှာဖြစ်ပါတယ်🌸🌸

📲📲📲ဝယ်ယူလိုပါက ဖုန်း 09779953510 သို့ဆက်သွယ်၍ဖြစ်စေ sms ပေးပို့ ၍ဖြစ်စေ မှာယူနိုင်ပါသည်။

🚚🚚🚚 တောင်ကြီးမြို့အတွင်း အိမ်အရောက် delivery service ရှိပြီး ပစ္စည်းရောက်ငွေချေ စနစ်ဖြစ်ပါသည်။
📦📦📦နယ်မှ မှာယူလိုသူများအနေဖြင့် ဘဏ်မှ ငွေလွဲပြီးသည်နှင့် နောက်နေ့တွင် အနီးဆုံးကားဂိတ်မှ တဆင့်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။


Tuesday, April 4, 2017

မျက်နှာလေးဖြူဝင်းနေဖို့ သခွားသီး နဲ့ သံပုရာ

နေပူပူမှာ သွားရလာရ လို့ မျက်နှာအသားအရေတွေ မွဲခြောက်ပြီး ညစ်နွမ်းနေပြီလား?? သခွားသီးနဲ့ သံပုရာက အကောင်းဆုံး အိမ်တွင်းဖြစ် အသား ဖြူ Lotion ဆိုတာ မမေ့နဲ့နော်။

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။
နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။

တရက်တစ်ကြိမ် နေ့စဉ်ပုံမှန် လုပ်ပေးရင် ၂ ပတ်အတွင်း သူငယ်ချင်းတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင် ရွန်းလဲ့ ကြည်လင် လာပါလိမ့်မယ်။

ရှိသေးတယ် ။ သံပုရာသီး နဲ့ သခွားသီး ရောကြိတ်ထားတဲ့ ဖျော်ရည်က အသားအရည် ကြည်လင်ပြီး အဆီပိုတွေကို ကျစေပါတယ်။

လွယ်တယ်နော် .. သင်ပုံမှန်လုပ်ပေးဖို့ပဲလိုတာပါ။

တခြား သူငယ်ချင်းတွေလည်း သိရအောင် page လေးကို like and share လုပ်ပေးသွားပါဦး။ ❤️️
အသားအရည် ကြည်လင်တောက်ပစေတဲ့ ခရမ်းချဉ်သီး

ဖြစ်တတ်တယ်နော် ။ တခါတလေ မျက်နှာက ညစ်ညစ်ကြီး ဖြစ်နေတာမျိုး။ အဲ့ဒီအခါကျရင် ဘယ်လောက်ကောင်းတဲ့ မိတ်ကပ်ပဲ လိမ်းလိမ်း ဖြူလင်းမလာပဲ ဖြူညစ်ညစ်ကြီး ဖြစ်သွားရော။
ငွေတွေအများကြီး အကုန်အကျခံပြီး အလှပြင်ဆိုင်တွေမှာ မျက်နှာအဆိပ်တွေ ထုတ် ချေးတွေချွတ်စရာ မလိုပါဘူး။ ဒါတွေက ကောင်းတယ်ဆိုပေမယ့် တခါတရံ အများသုံးပစ္စည်းနဲ့ လက်တွေမှာ ရောဂါပိုးတွေ အများကြီး ရှိနေနိုင်တာလေ ။
ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း မျက်နှာလေး သိသာထင်ရှားစွာ ဖြူပြီး ကြည်လင်တောက်ပ လာပါလိမ့်မယ်။
လွယ်တယ်ဟုတ်?
သင်ပုံမှန်လုပ်ပေးဖို့ပဲလိုတာပါ။

တခြား သူငယ်ချင်းတွေလည်း သိရအောင် page လေးကို like and share လုပ်ပေးသွားပါဦး။ ❤️️

Sunday, March 26, 2017

၁ ပတ်အတွင်းသိသာတဲ့ ရလဒ်နဲ့အတူ 7 BREAK Gel (made in Japan)
Price - ​12000 Ks

09779953510

ပစ္စည်းစစ်​မှန်​မှု အတွက်​က 100 % အာမခံပါတယ်
စမ်းသုံးကြည့်​​ပေးဖို့တိုက်​တွန်းပါရ​စေ
1ပတ်​အတွင်း 5cm ​လျော့ကျ​စေပါတယ်
ချက်​ချင်းသိသာတဲ့ ​ဆေးဖြစ်​လို့ အရမ်း​ရောင်းရတဲ့ ပစ္စည်းပါ
နိုင်​ငံ​တော်​ အသိအမှတ်​ပြု ​ဆေးဖြစ်​လို့ မည့်​သည့်​ ဆိုးကျိုးမှ မရှိပါဘူး
ဗိုက်​ လက်​​မောင်း ​ပေါင်​ ​ခြေသလုံး တို့က မလိုလားအပ်​တဲ့အဆီပို​တွေကို ချချင်​သူများ ကိုယ်​ကျချင်​တဲ့​နေရာကို လိမ်း​ပေးရုံပါပဲ
လိမ်းလိမ်းချင်းမှာ ​အေးမြပီး ​နောက်​ပိုင်းပူစပ်​စပ်​ ဖြစ်​လာပါလိမ့်​မယ်
ဒါကလဲ အဆီ​တွေ​လောင်​ကျွမ်း​နေလို့ပါ
အစားအ​သောက်​​လျော့စရာမလို ​လေ့ကျင့်​ခန်း လုပ်​စရာမလိုပဲ မိမိလိုချင်​​တဲ့ ခန္ဓာကိုယ်​ အချိုးအစားရဖို့
Seven Break Gel ​လေးကို ၀ယ်​သုံးကြည့်​လိုက်​ပါ

ကဲ စမ်းတ၀ါးဝါးနဲ့ ပိန်​ဆေး ​တွေ ​လျောက်​​သောက်​​နေမဲ့ အစား အသိအမှတ်​ပြု side effect ကင်းတဲ့ အပြင်​ တစ်​ပတ်​ အတွင်း 5cm ကျ​စေပါတယ်​ လို့အာမခံထားတဲ့ လိမ်း​ဆေး​လေးပဲ ၀ယ်​သုံးကြပါစို့
##credit
❤❤❤ အား​ပေးမှုကိုအထူး​ကျေးဇူးတင်​ပါတယ်​❤❤❤

တောင်ကြီးမြို့တွင်း အိမ်အရောက်ဝန်ဆောင်မှုရှိပါတယ်


💖💖မိန်းကလေးတွေအတွက်လည်း မရှိမဖြစ်လိုအပ်ပီး ယောကျာ်းလေးတွေအတွက်လည်း အသုံးဝင်မဲ့ ပစ္စည်းလေး တခုနဲ့ မိတ်ဆက်ပေးပရစေရှင် ။ အမွှေးအမျှင်မှန်သမျှ မနားမကျင်ပဲ နှုတ်ပေးမယ့်စက်လေးပါရှင့်။🌿

😍 Keda lady razor ချိုင်းမွှေးနှုတ်စက်လေးပါ
PRICE = 15000
Phone- 09779953510

စက်ဖွင့်လိုက်ရင် အလိုလိုနှုတ်သွားတာမို့ အချိန်ကုန်သက်သာပီး အလုပ်ရှုပ်သက်သာစေပါတယ်
ဘာ Cream မှ လည်း ထပ် သုံးစရာမလိုပဲ စက်လေးတလုံးရှိရုံနဲ့ ချိုင်းမွှေးရှင်းတဲ့ ချိုင်းသန့်သန့်လေးကို ပိုင်ဆိုင်စေမှာပါ
အားတခါသွင်းရုံနဲ့လည်း ဆယ်ကြိမ်မက အသုံးပြုလို့ရပါတယ်
အားကုန်ရင်လည်း အားပြန်သွင်းဖို့ အားသွင်းကြိုးပါပါတယ်
ရိတ်တာမဟုတ်ပဲ နှုတ်တာဖြစ်တာမို့လည်း အသားကို ထိမှာ ရှမှာ စိုးရိမ်စရာမလိုတဲ့အပြင် ရိတ်တာလိုမျိုး အမွှေးကြမ်းကြီးတွေ ထွက်လာမှာကိုလည်း ကြောက်စရာမလိုပါဘူးရှင်
သုံးပုံသုံးနည်းလည်း အရမ်းလွယ်ပါတယ် လုံးဝအခက်အခဲမရှိပါဘူး
Boxထဲမှာ အညွှန်းစာရွက်လည်း ပါပါတယ်
တကယ်ကို အသုံးဝင်တာမို့ ဝယ်ထားသင့်တဲ့ပစ္စည်းလေးပါ
သုံးဖူးသူတိုင်း နှစ်သက်ကြတာမို့ Feedbackကောင်းလေးတွေ ပြန်လာတဲ့ပစ္စည်းလေးပါ

Box ထဲမှာ အားလုံးပေါင်း ပစ္စည်း 5 မျိုး ပါဝင်ပါတယ်
1. Gently Gold caress
2. Adapter
3. Loofa
4. Cleaning Brush
5. Pouch
🌿တောင်ကြီးမြို့
မှ မိတ်ဆွေများအတွက် အိမ်အရောက်ဝန်ဆောင်မှု ပစ္စည်းရောက်မှ ငွေရှင်းပေးလို့ရပါတယ်ရှင့်။
Chat box  မှလည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်။
##credit


Dalan brand D'Olive hand & Body Moiisturizing Cream
သံလွင်သီးမှ ထုတ်လုပ်ထားပြီး ရေမွှေးနံ့ ပါပြီးသား 24နာရီခံ
အစိုဓါတ်ထိန်းသိန်းပေးသည့် cream လေးပါ. . ဆောင်းတွင်းသုံး
Hand'Cream လိုလည်း သုံးနိုင် သလို ခရီးတွေ သွားမယ်ဆိုလည်း
အိတ်ဆောင် body Lotion Cream လိုမျိုးယူသွားနိုင် တဲ့အတွ့က်
အဆင်ပြေစေပါတယ်!

လက်ကားဈေး- 2000
လက်လီဈေး - 3500

 09779953510

Saturday, March 18, 2017

#Silu hair productလေးတွေအစုံတင်ပေးထားပါတယ်
ပုံတပုံချင်းစီမှာဈေးနှုန်းလေးတွေပါတယ်နော်
09779953510






Oriental korea shampoo & conditioner တွဲလေး က
ဦးရေပြားကိုအေးမြကာ ဗောက်ထခြင်းမှကင်းဝေးစေပါတယ်ရှင့်
သုံးဖူးတဲ့သူ​တွေ အရမ်းကြိုက်​ကြတဲ့ shampoo & condition ​လေးပါရှင့်
price -7000
09779953510
#popularonlineshopping

Friday, March 17, 2017

အရည် နှင့် အဖတ် ကိုသတ်သတ်စီ ခွဲထုတ်ပေးမယ့် လက်လှည့်အသီးကြိတ်စက်
-----------------------------
လက်လှည့်အသီးကြိတ်စက်
ဈေးနှုန်း - ၁၅၀၀၀ ကျပ်
-----------------------------
ဘယ်အသီးမဆို အသုံးပြုလို့ ရပါတယ်..
စပျစ် လိမ္မော် ပန်းသီး ဖရဲသီး အစရှိသော အစေ့ နှင့် အခွံပါသောအသီးများ
မြင်းခွာ သင်္ဘော စသော ဆေးဖက်ဝင်အရွက်များကို အရည် နှင့် အဖတ်
သက်သက်စီ ခွဲထုတ်ပေးပါတယ်..
-
ထွက်လာတဲ့ အဖတ်လေးကို အသားအရေအတွက်ပေါင်းတင်လို့ရသေးတယ်နော်..
-
လက်ဖြင့်လှည့်ကာ ကြိတ်ပေးရသော Blender အမျိုးအစားဖြစ်လို့
ဘယ်အချိန်မဆို အသုံးပြုလို့ရပါတယ်..
-
ဝိတ်ချနေတဲ့ ကိုကို/မမ တို့အတွက်လဲ ဒီအသီးဖျော်ရည်လေးသောက်ပြီး
အစာစားချင်စိတ်ကိုထိန်းလို့ရပါတယ်..
ကိုယ်တိုင်ပြုလုပ်ရမှကြိုက်တဲ့ လတ်ဆတ်တာကိုမှကြိုက်တဲ့ အိမ်ရှင်မများအတွက်
အရမ်းကို အသုံးတည့်တဲ့ပစ္စည်းကောင်းလေးပါ..
-
အရည်အသွေးပိုင်းကတော့ တကယ်ကို ကောင်းမွန်အသုံးခံပါတယ်ရှင်
-
ဒီဇိုင်းရော အရေအသွေးပါ အရမ်းကောင်းပါတယ်~
ယိုကျခြင်းမရှိ ဖိတ်ကျခြင်း မရှိပါဘူး
-
အသီးအဖတ်များက စက်အရှေ့ခေါင်းမှ ထွက်လာပြီး ဖျော်ရည်အရည်ကတော့
ဖျော်ရည်စက်အောက်မှ ခွက်ကလေးထဲသို့ တခါတည်းရရှိမှာပါ
-
အစိတ်အပိုင်း တခုချင်းစီ ဖြုတ်တတ်ဆေးကြောလို့ရတဲ့အတွက် အရမ်းပဲလွယ်ကူစေပါတယ်
-
ပစ္စည်းsizeကလဲ အကြီးကြီးမဟုတ်သလို အရမ်းလဲမသေးတဲ့အတွက် သိမ်းရလွယ်ကူပါတယ်
-
လက်လှည့်အသီးကြိတ်စက်
ဈေးနှုန်း - ၁၅၀၀၀ ကျပ်
--------------------------
မှာယူလိုပါက-
ဖုန်းလေးတစ်ချက်သာဆက်လိုက်ပါ...

09779953510

အိမ်အရောက်ပို့ပေးပါတယ် ( မြို့နယ်အလိုက် Delivery ခ ပေးဆောင်ရပါတယ်)
နယ်မှ မှာယူလိုသူများကိုလဲ ကားဂိတ်ကနေတစ်ဆင့် ပို့ပေးပါတယ်.